Thursday, July 28, 2016

iOS Device တွေအတွက် အလွန်အရေးပါတဲ့ DFU Mode Vs Recovery Mode


iOS Devices Apple Phone တွေတွက် အရေးပါတဲ့
DFU Mode Vs Recovery Mode တွေရဲ့ အသုံးဝင်ပုံ / Mode ခေါ်ပီး ၀င်တဲ့နည်းလမ်း
လေး  Iphone  ဘောစိ ကိုကို မမ တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ..

DFU Mode နဲ့ Recovery Mode ဆိုတာ iOS User တွေအတွက် သိပ်မစိမ်းတဲ့နာမည်တွေပဲဖြစ်ကြမှာပါ....
iOS Version နဲ့မကိုက်ညီတဲ့ Software တွေ၊ Apps တွေကြောင့်တခါတရံ ဖုန်းအသုံးပြုရအဆင်မပြေမှုတွေဖြစ်လာတဲ့အခါကျရင်တော်တော်များများ  DFU Mode သို့မဟုတ် Recovery Mode ကိုသုံးပြီး Restore ပြန်လုပ်ကြပါတယ်... ဒါဆို ဘယ်အခါမျိုးတွေမှာ DFU Mode သုံးပြီး ဘယ်အခါမျိုးတွေမှာ Recovery Mode သုံးကြတာပါလဲ... DFU Mode နဲ့ Recovery Mode တို့ရဲ့ ကွာခြားချက်တွေက ဘာတွေပါလဲ.... အောက်မှာဆက်လက်ဖတ်ရှုပါ.....

 What is DFU Mode & Recovery Mode used for?
DFU Mode ဟာ Device Firmware Update Mode ရဲ့အတိုကောက်ဖြစ်ပါတယ်...DFU Mode ကို Firmware Upgrade ပြုလုပ်တဲ့အခါမျိုး၊ Firmware Downgrade ပြုလုပ်တဲ့အခါမျိုး၊ Tethered Jailbreak များအတွက် Rebooting လုပ်တဲ့အခါမျိုးစတဲ့ အခြေအနေအမျိုးမျိုးမှာအသုံးပြုကြပါတယ်... iOS Version အသစ်ထွက်လာပြီး တင်လိုက်တဲ့အခါ အဆင်မပြေမှုတွေရှိလာခဲ့ရင် iOS Version အဟောင်းကို Downgrade ပြန်လုပ်ဖို့ DFU Mode ကိုအသုံးပြုကြပါတယ်... DFU mode ၀င်ထားတဲ့အခါ Screen မှာ အမဲရောင်သာဖြစ်နေမှာဖြစ်ပါတယ်... အခြားမည်သည့်အရာမှမရှိနေပါ..
DFU-Mode ၀င်နေသောပုံပါ။.
Recovery Mode  ကိုတော့တော်တော်များများအသုံးကြပါတယ်... Restore Mode လို့လဲ ခေါ်ဆိုကြပြီး Mac/PC မှ iTunes ဖြင့်ချိတ်ဆက်ကာ Latest iOS Firmware ကို Restore ပြန်လုပ်နိုင်ပါတယ်.. Jailbroek iOS Device တွေမှာ Reset All Settings လုပ်လိုက်ရင် Apple Logo ကနေမတက်တဲ့အခါမျိုးမှာ Recovery Mode ၀င်ပြီး Restore လုပ်နိုင်ပါတယ်..Recovery Mode ၀င်ပြီး Restore လုပ်ခြင်းဟာ တစ်နည်းအားဖြင့် သင့်ရဲ့ iOS Device ကို New iPhone/iPad အဖြစ်ပြန်လည်လုပ်ပေးတာဖြစ်ပြီး အထဲမှာရှိတဲ့ Data တွေအကုန်လုံးကိုဖျက်ပစ်ပေးပါတယ်...အကယ်၍ သင်ဟာ Backup မလုပ်ခဲ့ဘူးဆိုရင်တော့ iPhone Data Recovery Software တွေနဲ့ပြန်ရှာယူရင်တော့ ရကောင်းရနိုင်ပါလိမ့်မယ်.. Recovery Mode ၀င်ထားတဲ့အချိန်မှာတော့ Screen ပေါ်၌ iTunes ကို USB Cable နဲ့ချိတ်ဆက်ခိုင်းတဲ့ပုံနဲ့ပြနေမှာဖြစ်ပါတယ် 
Recovery Mode ၀င်နေတဲ့ပုံပါ။
DFU Mode ၀င်နည်းကို အောက်ပါအဆင့်အတိုင်းပြုလုပ်နိုင်ပါတယ်...

၁. Mac/PC မှ iTunes နှင့် မိမိ iDevice ကိုချိတ်ဆက်ပါ

၂. ထို့နောက် Sleep/Wake Button(Power Button) နှင့် Home Button  ကိုအတူတူတွဲနှိပ်ထားပါ

၃. Screen ပိတ်သွားသည့်အခါတွင် Sleep/Wake Button(Power Button) ကိုလွှတ်ပြီး Home Button ကိုပဲ ၁၀စက္ကန့်ခန့်နှိပ်ထားပါ

၎. iTunes ၌ အောက်တွင်ပြထားသောပုံပေါ်လာပြီး မိမိရဲ့ Device Screen မှာအမည်းပဲဖြစ်နေလျှင် DFU Mode ၀င်သွားပါပြီ
ဒီအဆင့်တိုင်းနှိပ်ပါ

    ဒီလိုလေး တွေ့ရမည်။ 

Recovery Mode ကိုတော့ အောက်တွင်ပြထားသောနည်းအတိုင်းပြုလုပ်နိုင်ပါတယ်



၁. USB Cable ကို Mac/PC ဖြင့်အရင်ချိတ်ဆက်ထားပါ... မိမိ Device နဲ့မချိတ်ထားပါနဲ့ဦး

၂. ထို့နောက် Device ကို Power Off လုပ်ပါ...

၃. Power Off လုပ်ပြီးလျှင် Home Button ကို ဖိနှိပ်ထားလျက်  USB Cable နှင့် Device ကိုချိတ်ပါ... (Home Button ကိုဖိနှိပ်ထားရင်းချိတ်ရမှာပါ)
၎. Recovery Mode ၀င်သွားသည့်အခါမှာတော့ iTunes ကို Cable နှင့်ချိတ်ဆက်ခိုင်းတဲ့ပုံကို Screen မှာမြင်ရမှာဖြစ်ပြီး iTunes မှလည်း Recovery Mode ဖြစ်နေကြောင်း Box ကိုတွေ့ရပါလိမ့်မယ်
ဒီပုံအတိုင်းနှိပ်ပါ၊

ဒီလိုပုံတွေ့ရမည်။
How to Exit DFU Mode & Recovery Mode



DFU Mode ၀င်ထားသော Device ကိုထွက်ချင်ပါက  Sleep/Wake Button(Power Button) နှင့် Home Button ကို ၅စက္ကန့်ခန့်တူတူတွဲနှိပ်ထားပါ.. မကြာခင် Device မှာ Auto Reboot ကျကာ Normal Mode အနေနဲ့ပြန်တက်လာပါလိမ့်မယ်...



Recovery Mode ၀င်ထားသော Device ကိုထွက်ချင်ပါကလည်း DFU Mode Exit လုပ်နည်းနှင့်တူပါတယ်.. Sleep/Wake Button(Power Button) နှင့် Home Button ကို ၅စက္ကန့်ခန့်တွဲနှိပ်ပြီး ထွက်နိုင်ပါတယ်...
 ဒီပုံအတိုင်းနှိပ်ပီးပြန်ထွက်ပါ။
 
Refer  :  kyaw Thia Phyo 's facebook
iOS ကြောင့် စိတ်ညစ်နေတဲ့ ဘော်ဒါတစ်ယောက်အတွက်ပါ။

No comments:

Post a Comment