Download Custom Recovery Link - Here (TWRP 2.5 By 4pda)
Friday, July 29, 2016
Huawei (G610-U00) Custom Rom ZINGERONE(TM) UNOFFICIAL Ported By MOSB1987(ဦးဦးထိုင်း)
မင်္ဂလာပါ ခင်ဗျာ...
Huawei G610-U00 ကိုင်ဆောင်ထားတဲ့ ဘော်ဒါတွေ အတွက် ကျွန်တော်တို့ MOSB မှ Port ထားတဲ့ Custom Rom လေးတစ်ခု တင်ပေးလို်က်ပါတယ်။
Official Rom ကိုင်ရတာ အဆငိမပြေတာပဲဖြစ်ဖြစ်၊ ရိုးလာလို့ ပုံစံအသစ်ပြောင်းကိုင်ချင်လို့ပဲဖြစ်ဖြစ် ဒီ Rom လေးကို အသုံးပြုနိုင်ပါတယ်။ တကယ့် ဖုန်းအသစ်တစ်လုံးကိုင်ရသလို လုံးဝ ခံစားရမှာပါ။
Custom Rom တွေမှာ Bugs (Or) Error အနည်းနဲ့အများ တစ်ခုမဟုတ်တစ်ခုရှိတတ်ပါတယ်။ Official Rom လို စက်ရုံကထုတ်တာမဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ပိုမိုကောင်းမွန်အောင် ပြန်လည်ပြုပြင်ထားရတဲ့အတွက် မူလ Kernel နဲ့ Phone ရဲ့ Hardware နဲ့ သိပ်မကိုက်တာတွေ ရှိတတ်ပါတယ်။
အခု ဒီ Custom Rom လေးကတော့ ကျွန်တော်ကိုယ်တိုင် Port ထားတာဖြစ်ပြီး ၃ လလောက် စမ်းသပ်ကိုင်ကြည့်သလောက် (သာမန် user တွေ အတွက်တော့) ဘာError မှ မရှိသလောက်ပါပဲ ခင်ဗျာ။
ဒီ Custom Rom လေးအကြောင်း အတိုချုံးပြောရရင်တော့-
Dual 3G ပါ။ Sim Card နှစ်ကဒ်လုံး 3G အသုံးပြုနိုင်ပါတယ်။အရင်လို ကဒ်နေရာလဲစရာမလိုပဲ Setting ထဲကနေ ကြိုက်တဲ့ Sim Card ကို 3G Services ချိန်းပြီး အသုံးပြုနိုင်ပါတယ်။
မြန်မာဖောင့် 100 % မှန်ကန်အောင် ထည့်သွင်းပေးထားပါတယ်။ ပုဂံကီးဘုတ် အဆင်သင့်ပါပါတယ်။
Huawei 610-U00 အတွက် အရင်ထွက်ခဲ့တဲ့ တချို့ Custom Rom တွေ မှာ Internal Memory အသုံးပြုလို့မရပဲ SD Card စိုက်မှ အဆင်ပြေတာတွေရှိပါတယ်။ အခု ဒီ Rom လေးကတော Internal နဲ့ SD Card နှစ်ခုစလုံး အလုပ်လုပ်ပါတယ်။ SD Card မစိုက်ပဲလည်း အသုံးပြုနိုင်ပါတယ်။
Setting ထဲ မှာ လည်း Official Rom မှာမပါတဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။
SuperSU Pro နဲ့ Busybox 1.24.1 နဲ့ Root ပြီးသားပါ။
Camera Resolution ကိုလည်း 12 MP အထိ မြင့်တင်ထားပါတယ်။
ဖုန်းပြောရင် အသံဖမ်းဖို့အတွက် Call Recorder ပါဝင်ပြီးသားပါ App ထပ်ထည့်စရာမလိုပါဘူး။
font Style အလှတွေလည်း ပြောင်းလည်း အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်ပါပါတယ်။
တခြား လုပ်ဆောင်ချက်တွေ အများကြီးပါဝင်ပါသေးတယ်၊ ဥပမာ- Internet အသုံးပြုတဲ့ အခါ မျက်စိနောက်တဲ့ မလိုအပ်တဲ့ ကြော်ငြတွေကို ဖျောက်ပစ်ပေးတဲ့ Adway လို လုပ်ဆောင်ချက်တွေပါ။
Rom Install လုပ်တဲ့ အခါမှာလည်း Audio Quality အတွက် Dolby ဒါမှမဟုတ် Viper၊ Music Player အတွက် Sony ဖုန်းတွေမှာ အသုံးပြုတဲ့ Walkman Player အစရှိတဲ့ Apps တွေကို ရွေးချယ်သွင်းယူနိုင်မယ့် Full Touch Aroma Installer ကို အသုံးပြုထားပါတယ်။
ဒီ Rom လေးကို အသုံးပြုမယ်ဆိုရင် Custom Recovery ကနေ သွင်းယူရမှာဖြစ်ပါတယ်။ Download Link တွေ မှာ Rom ရော Recovey ပါ တင်ပေးထားပါတယ်။ Custom Recovery ကိုတော့ FlashTool နဲ့ ပဲဖြစ်ဖြစ်၊ Zip ကနေပဲဖြစိဖြစ်သွင်းယူနိုင်ပါတယ်၊
အောက်မှာ ScreenShort လေးတွေ တင်ပေးထားပါတယ်၊ ကြည့်ပြီး ကြိုက်တယ်၊ ကလိချငိတယ် ဆိုရင် ဒေါင်းယူနိုင်ပါပြီ၊ Services သမားတွေလည်း သုံးချင်ရင်သုံးနိုင်ပါတယ်။
အားလုံးပဲ ဖုန်းအသစ်တစ်လုံးကိုင်ရသလို ပျော်ရွှင်ကြပါစေ...
English

Download Links To Next Post :-)
Do It Your Own Risk
<<INSTALLATION FEATURES>>
–Full Touch Aroma Rom Insttaller
–Choice Installation Languages
–Choice Gps.conf for your country
–Choice Apps Selections…
1.Audios –Dolby OR Viper
2.Music –Sony Walkman OR Gramaphone
3.Recent UI–Lollipop OR Jellybean
–Choice Installation Languages
–Choice Gps.conf for your country
–Choice Apps Selections…
1.Audios –Dolby OR Viper
2.Music –Sony Walkman OR Gramaphone
3.Recent UI–Lollipop OR Jellybean
<<ZINGERONE ROM FEATURES>>
–Brilliant UI &very clear Display
–Semi-Themed like Lollipop
–Brilliant 12 MP camera
–Optimized Battery
–Flip To Mute , Intelligent answer
–Automatic Call Recorder
–Inbuilt Android L Themed Keyboard
–Inbuilt awesome features
–Video Wallpaper support
–And lots more
–Semi-Themed like Lollipop
–Brilliant 12 MP camera
–Optimized Battery
–Flip To Mute , Intelligent answer
–Automatic Call Recorder
–Inbuilt Android L Themed Keyboard
–Inbuilt awesome features
–Video Wallpaper support
–And lots more
<<ADDED MODS BY MOSB1987>>
–Added Pure™Graphics HD + Rendering (http://forum.xda-developers.com/showthread.php?t=2295010)
–ReRooted Lastet SuperSU Pro v2.70 &BusyBox 1.24.1 Stericson
–init.d support with new script and many twaeks
–Build in Some Apps Removed and Added News Apps
–Pre Installed Application Changed
–Increase net speeds maximum with LNET OPMIZER (http://forum.xda-developers.com/android/software-hacking/tweak-lnet-optimizer-v1-0-23-10-2015-t3231666)
–Ready Adblocked with Update hosts file
–Increased RAM with SWAP Memory
–Fully Build.prop Tweaked
–And more

<<BUGS>>
–Navigation Bar not working
–Navigation Bar not working
<<NOTES>>
***Fix Sound Qualitys with My Audios fix zip file (Jellybean Only)***UPDATED
***Default Write Storage by SD Card but Can be use Internal device storage***
***Pre Insatlled Myanmar Font and Myanmar Keyboard. Can be change with Build in features (System Font) function***
***Default Write Storage by SD Card but Can be use Internal device storage***
***Pre Insatlled Myanmar Font and Myanmar Keyboard. Can be change with Build in features (System Font) function***
※Please make a backup of your device before installing or updating ROM
Credit to :Gurpreet Singh (India)
Xda theread:(http://forum.xda-developers.com/android/development/rom-zingeronetm-t3142506)
Xda theread:(http://forum.xda-developers.com/android/development/rom-zingeronetm-t3142506)
Do It Your Own Risk
Download Links To Next Post :-)
Download Links To Next Post :-)
Thursday, July 28, 2016
သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကောင်းကင်ကို၊ နေပန်ဦး၊ သျှင်မျိုးငယ်တို့၏ကဗျာများ
နှင်းဆီခြံ
ညှီစော်နံနေကြောင်း ခေါင်းလောင်းသံ
ရွာလေးကပြောတယ်
ကုလားမဝင်ရ ဆိုင်းဘုတ်နဲ့
သူ ရှိုးထုတ်မလို့တဲ့။
မေမေကပြောတယ်
နာနာရိုက်ပေးပါ ဆရာမတဲ့
အပိုင်းဂဏန်းငယ်လေး
ကိန်းပြည့်ဖြစ် လူလားမြောက်တဲ့အခါ
ကြီးနိုင်ငယ်ညှဉ်း ဘဝကြိမ်ဒဏ်က
အခု ကြိမ်ဒဏ်ထက်ပိုနာမှာမို့
တင်ပါးတွေ ခံနိုင်ရည်မြင့်အောင်
လေ့ကျင့်ပေးပါတဲ့။
ဗုဒ္ဓက မိန့်တယ်
ဟဲ့...ယောအတွင်းဝန်ဆိုတဲ့ဒကာ
နင့်စာကိုဖျက်တာ မြင်းထိန်းငတာတယောက်တည်း
ငါ့စာဖျက်သူတွေကို ဒီမှာကြည့်
အို...ဗုဒ္ဓထောက်ပြတာ
မြန်မာနိုင်ငံမြေပုံကြီးပဲ။
“သမိုင်းသင်တာ မအအောင်” ဆိုပေမဲ့
“ကွန်စာရှု”မချစ်တဲ့ သမိုင်းဆရာ...
ဆံသသမားအသွင်
မှိုင်းကွက်နင်းပြီး ဝင်လာတယ်။
သူ့လက်ထဲက ကပ်ကြေးတလက်နဲ့
ညှပ်ပြီးသွားတဲ့အခါ
ကလေးတွေရဲ့ ဆံပင်က လုံးဝ...တပုံစံ
တဘက်သတ်အမြင်တွေ ခေါင်းမှာ ကိုယ်စီပန်လို့။
ကောင်းကင်ကို
ဓာတ်ပြားဟောင်း
မမှားဘူးလို့ မှားကြည့်ပေါင်းများခဲ့တဲ့ဘဝ
ငါ့စိတ်ငါ လှန်ထောင်းပစ်လို့ရရင် အကောင်းသား။
အညွှန်းတွေအတိုင်းလျှောက်မိတဲ့လမ်းပေါ်
အမြဲတန်းစွဲစားနေရတဲ့ဒုက္ခတွေ
မျှော်လင့်ချက်တာတောင် ခါထုတ်ပစ်လိုက်ချင်တယ်
တနေ့လာလည်း ဒီဘဝဒီစိတ် ဒီအဖြစ်တွေ
တနှစ်လာလည်း ဒီဘဝဒီစိတ် ဒီအဖြစ်တွေ
ကောက်ရိုးမလောက် မြက်မလောက်နဲ့
အဝိဇ္ဇာတရားဆိုလည်း အလွတ်ရနေပြီ။

လူဆိုတော့လူလိုသိပါရဲ့
အသက်ကလေးရလာ ဟန်ဆောင်တတ်လာ
အမောလည်းဖောက်ချင်လာပေမယ့်
အရက်သောက်ထားတော့ အရက်နံ့မရသလို
ငါ့အလိုချည်းတွေးမိတာဆန်းလား။
လေထဲမှာရှိတာမှန်သမျှ
လောကဟာမမြဲမှန်းသိသိချည်းနဲ့
အသက်တချောင်းအလိုလိုက်ခဲ့တယ်။
ရှင်မှုမှာလည်း ငရဲရှိတယ် နိဗ္ဗာန်ရှိတယ်
မီးသတ်စင်တွေလို မီးခိုးကိုအနံ့ခံသတင်းပေးတာမျိုး
ရထားတဲ့သံဝေဂတောင် အားနာလှပါပြီ။
နေပန်ဦး
ကော်ဖီတခွက်ထဲမှာ
အဆင်မပြေမှုတွေကို
ထည့်ဖျော်ပြီး
သောက်လိုက်တယ်
နာကျင်ကိုက်ခဲမှုများရဲ့ လားရာကို
ငါမသိဘူး
အဖြစ်အပျက် လောကဓမ္မကို ငါမသိဘူး
အကောင်းစားဒုက္ခသည်စခန်းမှာ ငါနေထိုင်တယ်
ကော်ဖီတခွက်ထဲမှာ
ငါကိုယ်တိုင်
ခါးသက်ပစ်ခဲ့တဲ့နေ့စွဲတွေရှိဖူးတယ်
ဟုတ်တယ်..ကော်ဖီတခွက်ထဲမှာ....
ခြေသံမလုံတဲ့ အဆင်ပြေမှုမျိုးကို ငါမလိုချင်ဘူး
လောဘ ဒေါသ မောဟမီးတွေ လောင်မြိုက်ဆဲ
ကျကွဲသွားတဲ့ပုလင်းထက်
ပြန်မရတော့တဲ့ယုံကြည်မှုတွေကို
ငါဟာ ပိုမက်မောခဲ့တဲ့ကောင်ပါ....
အဆင်ပြေလား အဆင်ပြေလားမေးမနေနဲ့
အဆင်ပြေပါတယ်..ဆိုတာ ငါ့အဖြေပဲ....
မော့သောက်ပစ်လိုက်တယ် မေ့သွားအောင်အထိ
အဆင်မပြေမှုတွေနဲ့
အဆင်ပြေပြေနေထိုင်ရတာ
အဆင်မပြေဘူးလို့ အဆင်ပြေပြေဖြေလိုက်တာ
အဆင်ပြေရဲ့လား....
ထည့်ဖျော်လိုက်တဲ့အဆင်မပြေမှုတွေဟာ
ကော်ဖီတခွက်စာ.....အဆင်ပြေရဲ့လား...
အဲဒီနေ့က
အဲဒီညက
ကော်ဖီတခွက်ထဲမှာ အဆင်မပြေမှုတွေကို
ထည့်ဖျော်ပြီး သောက်လိုက်တယ်
အဆင်ပြေပြေမပြေပြေ အဆင်ပြေတယ်လို့ငါဖြေတယ်
ငါ အဆင်ပြေပါတယ်
ငါ အဆင်ပြေပါတယ်
ကော်ဖီတခွက်ကို
စားပွဲပေါ်မှာတင်ထားလိုက်တယ်
ခါးသက်သက်ရယ်သံတွေကို
ကျောခိုင်းလို့..။ ။
သျှင်မျိုးငယ်
Original Post By http://www.jojar.net
နာမည်ကြီး ဆရာတွေရဲ့ Virus Remover Tool များနဲ့ Root Access ပါလုပ်နိုင်တဲ့ Root Tool. ပေါင်းစပ်မှူပါ
နာမည်ကြီး ဆရာတွေရဲ့ Virus Remover Tool များနဲ့
Root Access ပါလုပ်နိုင်တဲ့ Root Tool. ပေါင်းစပ်မှူပါ
အချိန်ကုန်ခံပီး Tool တွေ လိုက်ရှာနေရတာမျိုးအတွက်
one file ထဲနဲ့ အဆင်ပြေကြပါစေ ခင်ဗျာ
Android Virus Remover Tools + RootApps Collection
List:
Android Virus Remover v1.3.rar
android-virus-killer-master.zip
ByeGhostPush-v1.4
Debloater.rar
Easy Team Virus Remover.rar
Ghost Push Killer PRO V1.8_.rar
Ghost Push Killer v2.0.zip
MofadalAltyeb VirusRemover.rar
MONKEY VIRUS REMOVAL TOOL.rar
Monkey Virus Service Clean v1.4.zip
TELECom Android Anti-Malware 4.0.1_ Portable.rar
Kingo Root New.rar
Kingo Root Old.rar
iRoot_1.8.8.20465_cid1005_7337ba1e.rar
RootGenius_en_2.2.6.rar
imobile-istyle 7.5 output V လေးယူကြပါဦး
ထိုင်းမှာတော့ ဈေးသက်သာပီး လူသုံးများတဲ့ imobile-istyle 7.5
ဖုန်းလေးရဲ့ errorတစ်ခုပါ..Supply ချိတ်ပီး ပါဝါနှိပ်လိုက်ရင်
၁ အမ်ပီယာ ထောင်တက်သွားပါတယ်
Error တူတဲ့ ညီအကိုတွေ အထောက်အကူလေး ရနိုင်ကြပါစေ ခင်ဗျာ...
ကျနော်ကတော့ CPU errorလို့ သတ်မှတ် ပီး
CPU ချိနိးလိုက်တာရသွားပါတယ်..
V ထွက်လေးတွေ မရှိသေးတဲ့ သူများ လေ့လာကြည့်ပါ ခင်ဗျာ
Original Post By Chit San Maung Facebook
iOS Device တွေအတွက် အလွန်အရေးပါတဲ့ DFU Mode Vs Recovery Mode
iOS Devices Apple Phone တွေတွက် အရေးပါတဲ့
DFU Mode Vs Recovery Mode တွေရဲ့ အသုံးဝင်ပုံ / Mode ခေါ်ပီး ၀င်တဲ့နည်းလမ်း
လေး Iphone ဘောစိ ကိုကို မမ တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ..
DFU Mode Vs Recovery Mode တွေရဲ့ အသုံးဝင်ပုံ / Mode ခေါ်ပီး ၀င်တဲ့နည်းလမ်း
လေး Iphone ဘောစိ ကိုကို မမ တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ..
DFU Mode နဲ့ Recovery Mode ဆိုတာ iOS User တွေအတွက် သိပ်မစိမ်းတဲ့နာမည်တွေပဲဖြစ်ကြမှာပါ....
iOS Version နဲ့မကိုက်ညီတဲ့ Software တွေ၊ Apps တွေကြောင့်တခါတရံ ဖုန်းအသုံးပြုရအဆင်မပြေမှုတွေဖြစ်လာတဲ့အခါကျရင်တော်တော်များများ DFU Mode သို့မဟုတ် Recovery Mode ကိုသုံးပြီး Restore ပြန်လုပ်ကြပါတယ်... ဒါဆို ဘယ်အခါမျိုးတွေမှာ DFU Mode သုံးပြီး ဘယ်အခါမျိုးတွေမှာ Recovery Mode သုံးကြတာပါလဲ... DFU Mode နဲ့ Recovery Mode တို့ရဲ့ ကွာခြားချက်တွေက ဘာတွေပါလဲ.... အောက်မှာဆက်လက်ဖတ်ရှုပါ.....

What is DFU Mode & Recovery Mode used for?
DFU Mode ဟာ Device Firmware Update Mode ရဲ့အတိုကောက်ဖြစ်ပါတယ်...DFU Mode ကို Firmware Upgrade ပြုလုပ်တဲ့အခါမျိုး၊ Firmware Downgrade ပြုလုပ်တဲ့အခါမျိုး၊ Tethered Jailbreak များအတွက် Rebooting လုပ်တဲ့အခါမျိုးစတဲ့ အခြေအနေအမျိုးမျိုးမှာအသုံးပြုကြပါတယ်... iOS Version အသစ်ထွက်လာပြီး တင်လိုက်တဲ့အခါ အဆင်မပြေမှုတွေရှိလာခဲ့ရင် iOS Version အဟောင်းကို Downgrade ပြန်လုပ်ဖို့ DFU Mode ကိုအသုံးပြုကြပါတယ်... DFU mode ၀င်ထားတဲ့အခါ Screen မှာ အမဲရောင်သာဖြစ်နေမှာဖြစ်ပါတယ်... အခြားမည်သည့်အရာမှမရှိနေပါ..

DFU-Mode ၀င်နေသောပုံပါ။.
Recovery Mode ကိုတော့တော်တော်များများအသုံးကြပါတယ်... Restore Mode လို့လဲ ခေါ်ဆိုကြပြီး
Mac/PC မှ iTunes ဖြင့်ချိတ်ဆက်ကာ Latest iOS Firmware ကို
Restore ပြန်လုပ်နိုင်ပါတယ်.. Jailbroek iOS Device တွေမှာ Reset All
Settings လုပ်လိုက်ရင် Apple Logo ကနေမတက်တဲ့အခါမျိုးမှာ Recovery Mode
ဝင်ပြီး Restore လုပ်နိုင်ပါတယ်..Recovery Mode ၀င်ပြီး Restore
လုပ်ခြင်းဟာ တစ်နည်းအားဖြင့် သင့်ရဲ့ iOS Device ကို New iPhone/iPad
အဖြစ်ပြန်လည်လုပ်ပေးတာဖြစ်ပြီး အထဲမှာရှိတဲ့
Data တွေအကုန်လုံးကိုဖျက်ပစ်ပေးပါတယ်...အကယ်၍ သင်ဟာ Backup
မလုပ်ခဲ့ဘူးဆိုရင်တော့ iPhone Data Recovery
Software တွေနဲ့ပြန်ရှာယူရင်တော့ ရကောင်းရနိုင်ပါလိမ့်မယ်.. Recovery Mode
ဝင်ထားတဲ့အချိန်မှာတော့ Screen ပေါ်၌ iTunes ကို USB Cable နဲ့ချိတ်ဆက်ခိုင်းတဲ့ပုံနဲ့ပြနေမှာဖြစ်ပါတယ်
Recovery Mode ၀င်နေတဲ့ပုံပါ။
Recovery Mode ၀င်နေတဲ့ပုံပါ။
DFU Mode ၀င်နည်းကို အောက်ပါအဆင့်အတိုင်းပြုလုပ်နိုင်ပါတယ်...
၁. Mac/PC မှ iTunes နှင့် မိမိ iDevice ကိုချိတ်ဆက်ပါ
၂. ထို့နောက် Sleep/Wake Button(Power Button) နှင့် Home Button ကိုအတူတူတွဲနှိပ်ထားပါ
၃. Screen ပိတ်သွားသည့်အခါတွင် Sleep/Wake Button(Power Button) ကိုလွှတ်ပြီး Home Button ကိုပဲ ၁၀စက္ကန့်ခန့်နှိပ်ထားပါ
၎. iTunes ၌ အောက်တွင်ပြထားသောပုံပေါ်လာပြီး မိမိရဲ့ Device Screen မှာအမည်းပဲဖြစ်နေလျှင် DFU Mode ၀င်သွားပါပြီ
ဒီအဆင့်တိုင်းနှိပ်ပါ
ဒီလိုလေး တွေ့ရမည်။
Recovery Mode ကိုတော့ အောက်တွင်ပြထားသောနည်းအတိုင်းပြုလုပ်နိုင်ပါတယ်
၁. USB Cable ကို Mac/PC ဖြင့်အရင်ချိတ်ဆက်ထားပါ... မိမိ Device နဲ့မချိတ်ထားပါနဲ့ဦး
၂. ထို့နောက် Device ကို Power Off လုပ်ပါ...
၃. Power Off လုပ်ပြီးလျှင် Home Button ကို ဖိနှိပ်ထားလျက်
USB Cable နှင့် Device ကိုချိတ်ပါ... (Home Button
ကိုဖိနှိပ်ထားရင်းချိတ်ရမှာပါ)
၎. Recovery Mode ၀င်သွားသည့်အခါမှာတော့ iTunes ကို
Cable နှင့်ချိတ်ဆက်ခိုင်းတဲ့ပုံကို Screen မှာမြင်ရမှာဖြစ်ပြီး iTunes
မှလည်း Recovery Mode ဖြစ်နေကြောင်း Box ကိုတွေ့ရပါလိမ့်မယ်
ဒီပုံအတိုင်းနှိပ်ပါ၊
ဒီလိုပုံတွေ့ရမည်။
How to Exit DFU Mode & Recovery Mode
DFU Mode ၀င်ထားသော Device ကိုထွက်ချင်ပါက Sleep/Wake Button(Power
Button) နှင့် Home Button ကို ၅စက္ကန့်ခန့်တူတူတွဲနှိပ်ထားပါ.. မကြာခင်
Device မှာ Auto Reboot ကျကာ Normal Mode အနေနဲ့ပြန်တက်လာပါလိမ့်မယ်...
Recovery Mode ၀င်ထားသော Device ကိုထွက်ချင်ပါကလည်း DFU Mode Exit
လုပ်နည်းနှင့်တူပါတယ်.. Sleep/Wake Button(Power Button) နှင့် Home Button
ကို ၅စက္ကန့်ခန့်တွဲနှိပ်ပြီး ထွက်နိုင်ပါတယ်...
ဒီပုံအတိုင်းနှိပ်ပီးပြန်ထွက်ပါ။
Refer : kyaw Thia Phyo 's facebook
iOS ကြောင့် စိတ်ညစ်နေတဲ့ ဘော်ဒါတစ်ယောက်အတွက်ပါ။
IObit Driver Booster PRO 3.5.0.788 Portable [Latest]
Windows အတွက် လိုအပ်တဲ့ Driver တွေ update လုပ်ရာမှာ လွယ်ကူရိုးရှင်းပြီး အသုံးပြုရတာလည်း လွယ်ကူတဲ့ Software လေးပါ
ကိုယ်အသုံးပြုနေတဲ့ ကွန်ပြူတာမှာ Driver တွေ မစုံလင်တာပဲဖြစ်ဖြစ် update မဖြစ်တော့ရင်ပဲဖြစ်ဖြစ် အသုံးပြုလို့ သိပ်မကောင်းပါဘူး။ ဒါ့အပြင် ကွနိပြူတာ System အတွက် မရှိမဖြစ်လိုအပ်တဲ့ Programs တွေ (ဥပမာ-flash player၊ C++၊ Direct X အစရှိတဲ့)သွင်းဖို့မေ့နေတာပဲဖြစ်ဖြစ် update မဖြစ်တာတွေအတွက်လည်း update လုပ်ပေးပါတယ်၊မသွင်းရသေးရင်လည်း သွင်းပေးပါတယ်။
Pro ဗားရှင်းအတွက် အထဲမှာ key ပါပါတယ်၊ key ထည့်ရင် Internet ခဏပိတ်ပြီးထည့်ပေးပါ၊ ပြီးမှ ပြန်ဖွင့်ပြီး အသုံးပြုလို့ရပါပြီ။
အသုံးပြုမယ်ဆိုရင် အောက်မှာ ဒေါင်းယူပါ ခင်ဗျ
Orignal Download Link - Here
Orignal Download Link - Here
Orignal Download Link - Here
Credit to : KaranPC
Wednesday, July 27, 2016
Schematic Diagram စလေ့လာတဲ့သူတွေအတွက်
Schematic Diagram စလေ့Diagram တွေထဲမှာ ပါလာတဲ့
စာလုံးအတိုလေးတွေရဲ့
အဓိပ္ပါယ် လေးတွေပါ
AC - Alternative Current
DC - Direct Current
C - Capacitor
R - Resistor
LDR - Light Dependent Resistor
D - Diode
ZD - Zener Diode
LED - Light Emitting Diode
OLED - Organic Light Emitting Diode
AMOLED - Active Matrix Organic Light
Emitting Diode
L - Coil/Inductor
LB - Ferrite Bead Coil
Q - Transistor
SOT - Small Outline Transistor
FET - Field Effect Transistor
MOSFET - Metal Oxite Semiconductor Field
Effect Transistor
BJT - Bipolar Junction Transistor
UJT - Unipolar Junction Transistor
VBAT - Battery +
VPH - Battery +
VPROC - Processor Voltage
VCORE - Chip Digital Core Voltage
ROM - Read Only Memory
RAM - Random Access Memory
SRAM - Static Random Access Memory
SDRAM - Synchronous Dynamic Random
Access Memory
VREG - Regulator Voltage
VREGS - Switching Regulator Voltage
VREGL - Linear Regulator Voltage
I/O - Input/Output
LDO - Low-Dropout
DAC - Digital To Analog Converter
ADC - Analog To Digital Converter
SMPS - Switch Mode Power Supply
MIC - Microphone
SPK - Speaker
HS - Ear Speaker
VIBR - Vibrator
CAM - Camera
USB - Universal Service Bus
DP - Data +
DM - Data -
TP - Test Point
VBUS - Charging Power Input
VCHG - Charging Volt
VCDT - Charging Detect Volt
CHR_LDO - Charging Linear Power Supply
ISENSE - Charging Current Detection Input
INT - Interrupt
GND - Ground/0V Supply
NC - Not Connect/No Use
TCXO - Temperature Compensated Oscillator
SDA - Serial Data
SCL - Serial Clock
RST - Reset
SDIO - Serial Data Input/Output
WIFI - Wireless Fidelity
BT - Bluetooth
WLAN - Wireless Local Area Network
DDR - Double Data Rate
LPDDR - Low Power Double Data Rate
IC - Integrated Circuit
EMMC - Embedded Multimedia Card
PMU - Power Management Unit
CPU - Central Proessing Unit
GPU - Graphics Processing Unit
GPS - Global Position System
SMD - Surface Mount Devices
DIP - Dual Inline Package
LCD - Liquid Crystal Display
PA - Power Amplifier
RF - Radio Frequency
AF - Audio Frequency
TX - Transmit
RX - Receive
ANT - Antenna
BB - Baseband
SAW - Surface Acoustic Wave
MODEM - Modulation+Demodulation
EMI - Electromagnetic Interference
ESD - Electrostatic Discharge
PCB - Printed Circuit Board
BSI - Battery Status Indicator
CMOS - Complementary Metal
Oxide Semiconductor
MIPI - Mobile Industry Processor Interface
DSI - Display Serial Interface
CSI - Camera Serial Interface
CABC - Content Adaptive Backlight Control
PWM - Pulse Width Modulation
EN - Enable
CTRL - Control
COMP - Complement
RTC - Real Time Clock
NFC - Near Field Communication
SIM - Subsucriber Identy Module
Original Post By Phyo Htut Kyaw Facebook
Subscribe to:
Posts (Atom)